ဝန်ကြီးဌာန၏ ဖွဲ့စည်းမှုနှင့် အဓိကဆောင်ရွက်ချက်များ

ဝန်ကြီးဌာနဖွဲ့စည်းခြင်း
၁။ မြန်မာနိုင်ငံ၏ သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းများကို ၁၉၈၂-၁၉၈၃ ဘဏ္ဍာရေးနှစ်အထိ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနက
တာဝန်ယူ ဆောင်ရွက်ခဲ့ရာမှ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခုအဖြစ်
ပြင်ဆင် ဖွဲ့စည်းရန် (၁၀-၂-၁၉၈၃) ရက်နေ့တွင် ကျင်းပသော နိုင်ငံတော် ကောင်စီ၏ (၃/၆)ကြိမ်မြောက် အစည်းအဝေးက ဆုံးဖြတ်ခဲ့သဖြင့် ၁၉၈၃ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းခဲ့ပါသည်။

 

ဦးစီးဌာန/လုပ်ငန်းတာဝန်များ
မွေးမြူရေးနှင့်ရေလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန


၂။ မွေးမြူရေးနှင့်ရေလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာန၏ဆောင်ရွက်ချက်များအနက် အဓိကလုပ်ငန်းဆောင်ရွက်ချက်များကို အောက်ပါအတိုင်း
     ကောက်နုတ်တင်ပြအပ်ပါသည် -

(က) နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ စီမံကိန်းလုပ်ငန်းများ ရေးဆွဲတင်ပြခြင်း၊ လုပ်ငန်းအကောင် အထည်ဖော်မှုကို ကြီးကြပ်ကွပ်ကဲ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် သုံးသပ်တင်ပြအစီရင်ခံခြင်း။
(ခ) သားငါးကဏ္ဍဆိုင်ရာရင်းနှီးမြှုပ်နှံမှု အစီအစဉ်များရေးဆွဲခြင်း။
(ဂ) သားငါးကဏ္ဍဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရေတို/ ရေရှည်သုတေသနနှင့် လေ့ကျင့်ရေးလုပ်ငန်းများ
ဆောင်ရွက်ခြင်း။
(ဃ) အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုလုပ်ငန်းများဆောင်ရွက်ခြင်း။
(င) နိုင်ငံခြားအဖွဲ့အစည်းများ၏ အကူအညီဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း ပညာပေးလုပ်ငန်းများ စီစဉ်
ဆောင်ရွက်ခြင်း။
(စ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရအဖွဲ့များနှင့် မိမိနိုင်ငံပိုင်ငွေဖြင့် ဆောင်ရွက်အကောင်အထည်ဖော်သည့် စီမံကိန်းလုပ်ငန်းများ၊ အထူးစီမံကိန်းများနှင့် ပတ်သက်၍ စီမံကိန်း အခြေအနေကိုစိစစ်သုံးသပ်ခြင်း။
(ဆ)    နိုင်ငံတော်၏ သားငါးကဏ္ဍဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းများ အချက်အလက်များ စုစည်း ပြုစုခြင်း၊ တင်ပြခြင်း၊ထုတ်ပြန်ခြင်း။
(ဇ) ပြည်ပသို့သွားရောက်သည့် မစ်ရှင်အဖွဲ့များ၊ လုပ်ငန်းခွင်လေ့လာရေး ပညာသင်ကိစ္စများ အပေါ်လေ့လာမှတ်တမ်းတင်ခြင်း။
(ဈ) ကုလသမဂ္ဂအဖွဲ့အစည်းများဌာနစုနှင့် အပြည်ပြည်ဆိုင်ရာဘဏ်များ ဌာနစုမှ ကျွမ်းကျင်မှု အကူအညီများ၊ နည်းပညာများ၊ အထောက်အပံ့ ချေးငွေများရယူဆောင်ရွက်၍ လုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ည) မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ပတ်သက်၍ ရောက်လာသော ဧည့်သည်များ၊ မစ်ရှင်အဖွဲ့များ၊ နိုင်ငံခြားသားများနှင့်
တွေ့ဆုံချက် မှတ်တမ်းများ ပြုစုထုတ်ပြန်ခြင်းနှင့် နိုင်ငံခြားသား တစ်ဦးချင်း၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်ခြင်း။
(ဋ) ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများ၏ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာများ ညှိနှိုင်း ဆောင်ရွက်ပေးခြင်း။
(ဌ) မြန်မာနိုင်ငံသားငါးကဏ္ဍဆိုင်ရာ အာဆီယံလုပ်ငန်းများတာဝန်ယူဆောင်ရွက်ခြင်း။


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၃။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် မွေးမြူရေးနှင့်ကုသရေးဌာနနှင့် ပျားလုပ်ငန်းဌာနဟူ၍ပါဝင်ပြီး ၄င်းဌာနများ၏ ဆောင်ရွက်ချက်များ
     အနက် အဓိက လုပ်ငန်းဆောင်ရွက်ချက်များကို အောက်ပါအတိုင်း ကောက်နုတ်တင်ပြအပ်ပါသည် -

(က)   မွေးမြူရေးနှင့်ကုသရေးဌာန
  (၁) တစ်နိုင်ငံလုံး၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ခြင်း။
  (၂) တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူပြုစုခြင်း။
  (၃) တိရစ္ဆာန်ရောဂါ ကုသ/ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းနှင့် ရောဂါကာကွယ်ကုသရေး  လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  (၄) တိရစ္ဆာန်စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခြင်း။
  (၅) တိရစ္ဆာန်မျိုးကောင်း မျိုးသန့်တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခြင်း။
  (၆) တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသနလုပ်ငန်းများနှင့် ဓါတ်ခွဲခန်း လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  (၇) ပုဂ္ဂလိက မွေးမြူရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် စံပြကျေးရွာများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသ မွေးမြူမှုဖွံ့ဖြိုးရန် ဆောင်ရွက်ခြင်း။
  (၈) နယ်စပ်တိရစ္ဆာန် ဖြတ်သန်းသွားလာမှု စစ်ဆေးရေးစခန်း (Check Points) လုပ်ငန်းဆောင်ရွက်ခြင်း။
  (၉) တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ပို့ကုန်သွင်းကုန် လုပ်ငန်းနှင့်တိရစ္ဆာန် ကျန်းမာရေး စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) လုပ်ငန်းဆောင်ရွက်ခြင်း။
  (၁၀) ပြည်နယ်/တိုင်းအသီးသီး၌ မွေးမြူရေးဘဏ်စနစ်အရ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ခြင်း။
  (၁၁) နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
  (၁၂) စံပြမွေးမြူရေးခြံများထူထောင်၍ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်ခြင်း။
     
(ခ) ပျားလုပ်ငန်းဌာန
  (၁) ပျားလုပ်ငန်းဌာနမှ ခေတ်မီပျားမွေးမြူရေးနည်းပညာများကို နှစ်စဉ်လေ့ကျင့် ပညာပေး သင်တန်းများဖွင့်လှစ်ပေးခြင်း။
  (၂)   ပျားဖြင့် ဝတ်မှုန်ကူးခြင်းဖြင့် သီးနှံများပိုမိုအထွက်နှုန်းတိုး၍ သီးနှံ အရည်အသွေး မြင့်မား ကောင်းမွန်ခြင်းကြောင့်
ပြည်သူများ ကျယ်ပြန့်စွာနားလည် သဘောပေါက်စေရေးအတွက် ပညာပေးခြင်း၊ စည်းရုံးခြင်း၊ လက်တွေ့ပြခြင်းများကို
နှစ်စဉ် ဆောင်ရွက်ခြင်းနှင့် ဝတ်မှုန်ကူးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
  (၃)  ပျားလုပ်ငန်းဌာနမှ ပုဂ္ဂလိကပျားမွေးမြူရေးကဏ္ဍတွင် ပျားမွေးမြူသူဦးရေးနှင့် ပျားအုံများ တိုးပွားလာရန် ပျားအုံနှင့်
ပျားလုပ်ငန်းသုံး ပစ္စည်းများဖြန့်ဖြူးရောင်းချပေးခြင်း။
  (၄) ပုဂ္ဂလိကကဏ္ဍမှ ပျားမွေးမြူသူလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် တွေ့ဆုံ၍ ပျားရည် ပြည်တွင်း၊ ပြည်ပ ဝယ်ယူ
ရောင်းချနိုင်ရေးဆိုင်ရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးနိုင်သော တွေ့ဆုံပွဲများကျင်းပခြင်း။
  (၅) ဘိန်းစိုက်ပျိုးမှုပပျောက်ရေးလုပ်ငန်းတွင် အထောက်အကူပြုလုပ်ငန်းတစ်ရပ်အဖြစ် ပါဝင် ဆောင်ရွက်ခြင်း။
  (၆) ပြည်ပဈေးကွက်သို့ ပျားရည်နှင့်ပျားထွက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေးအတွက်လိုအပ်သောပံ့ပိုးမှုများကို ပျားလုပ်ငန်း
ဌာနမှ အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနိုင်ခြင်း။
  (၇) ပျားမွေးမြူရေးကဏ္ဍမှ မွေးမြူထုတ်ကုန်ပစ္စည်းများ ပြည်ပအရည်အသွေးမီ စံနှုန်းများနှင့် ပမာဏတိုးတက်ထုတ်လုပ်နိုင်
ရေးအတွက် သတ်မှတ်ညွှန်ကြားထားသောစည်းမျဉ်းများ၊ ညွှန်ကြားချက်များအတွင်းမှ မွေးမြူသူများကို မှတ်ပုံတင်စေပြီး
မွေးမြူထုတ်လုပ်စေခြင်း။

 

ငါးလုပ်ငန်းဦးစီးဌာန

၎။ ငါးလုပ်ငန်းဦးစီးဌာန၏ ဆောင်ရွက်ချက်များအနက် အဓိကလုပ်ငန်းဆောင်ရွက်ချက်များကို အောက်ပါအတိုင်း ကောက်နုတ်တင်ပြအပ်
     ပါသည်။

(က) နိုင်ငံတော်၏ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း။
(ခ) နိုင်ငံတော်၏ ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများ၊ သတင်းအချက်အလက်များ ကောက်ယူပြုစုခြင်း။
(ဂ) ရေချို / ရေငန်ငါးပုစွန်နှင့် အခြားရေထွက်ပစ္စည်းသယံဇာတများ ရေရှည်တည်တံ့စေရေး အတွက် ထိန်းသိမ်း ဆောင်ရွက်ခြင်း၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ခြင်း။
(ဃ) ငါးလုပ်ငန်းဆိုင်ရာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်နိုင်စေရေးအတွက် စနစ်တကျ ကြီးကြပ် ကွပ်ကဲခြင်း၊ စီမံခန့်ခွဲခြင်း၊ ငါးလုပ်ငန်းဆိုင်ရာ အခွန်အခများကောက်ခံခြင်း။
(င) ရေချို / ရေငန် ငါးပုစွန်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မျိုးစိုက်ထည့်ခြင်း၊ ငါးမျိုးစိတ်သစ်များ တိုးတက်ထုတ်လုပ်
ဖြန့်ဖြူးရေးအတွက် နည်းပညာပံ့ပိုးခြင်း။
(စ) ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေနေသတ္တဝါများအား အများပြည်သူလေ့လာနိုင်ရေးအတွက် ငါးပြတိုက်၊  ငါးဥယျာဉ်များ ဖွင့်လှစ်ဆောင်ရွက်ခြင်း။
(ဆ)    ငါးဖမ်းရေယာဉ်စီးရေ တိုးတက်စေရေး၊ ငါးပုစွန် တိုးတက်ဖမ်းဆီး ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူ၊ ဖမ်းဆီး၊ ထုတ်လုပ်၊
ပြုပြင်မွမ်းမံခြင်းဆိုင်ရာ လုပ်ငန်းများတွင် စနစ်တကျဖြစ်စေရေးအတွက် ခေတ်ကာလနှင့် လျော်ညီသောထုတ်လုပ်မှုကျင့်စဉ်များ
ရေးဆွဲချမှတ်အကောင် အထည် ဖော်ဆောင်ရွက်ခြင်း။
(ဇ) ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုမှသည် စားသုံးမှုအထိ ဘေးအန္တရယ်ကင်းရှင်းစေပြီး သန့်ရှင်းလတ်ဆတ်စေရေးအတွက် စစ်ဆေးကြပ်မတ်ခြင်း၊ ပြည်ပပို့ကုန်တိုးမြင့်တင်ပို့နိုင်ရေးနှင့် ရေထွက် ပစ္စည်းတန်ဖိုးမြင့် (Value Addede) ဖြစ်စေရေးအတွက် စစ်ဆေးကြပ်မတ်ခြင်း။
(ဈ) ရေထွက်ပစ္စည်းပို့ကုန်မှ နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိရေးအတွက် နှစ်စဉ်ရည်မှန်းချက် တာဝန် ပြည့်မီရေးကို ကြိုးပမ်း
ဆောင်ရွက်ခြင်း။
(ည) ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နည်းပညာရယူခြင်း၊ ဖြန့်ဝေခြင်းတို့ကို
ဆောင်ရွက်ခြင်း။

 

မွေးမြူရေး၊ အစားစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း
၅။ မွေးမြူရေး၊ အစားစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏ ဆောင်ရွက်ချက်များအနက် အဓိကလုပ်ငန်း ဆောင်ရွက်ချက်များကို အောက်ပါ
      အတိုင်း ကောက်နှုတ်တင်ပြအပ်ပါသည် -

(က) တိရစ္ဆာန် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးရေး။
(ခ) အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်အစားအစာနှင့် ဆေးဝါးများဖြန့်ဖြူးပေးရေး။
(ဂ) ဒေသရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီမည့် တိရစ္ဆာန်မွေးမြူရေးနည်းပညာ ဖြန့်ဖြူးပေးရေး။
(ဃ) နယ်စပ်ဒေသအပါအ၀င် ကျေးလက်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး။

 

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
၆။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ဆောင်ရွက်ချက်များအနက် အဓိကလုပ်ငန်းဆောင်ရွက်ချက်များကို အောက်ပါအတိုင်း
     ကောက်နှုတ်တင်ပြအပ်ပါသည်။

(က) တက္ကသိုလ်မှ ဘွဲ့ရပညာရှင်များ မွေးထုတ်ရာတွင် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ဦးစားပေး ဆောင်ရွက်ရန်။
(ခ) ဆရာ၊ ဆရာမများ၏ ပညာရည်မြင့်မားတိုးတက်မှုအတွက် ဆောင်ရွက်ရန်။
(ဂ) ခေတ်မှီနည်းညာများနှင့် အမြဲတစေထိတွေ့စေရန်အတွက် နိုင်ငံခြားတက္ကသိုလ်များနှင့် ပူးပေါင်း၍ ပညာရေးနှီးနှောဖလှယ်ခြင်းများ ပြုလုပ်ရန်။
(ဃ) တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကျွမ်းကျင်၍ လက်တွေ့ ဆောင်ရွက်နိုင်ပြီး ပြည်သူတို့အား အသိပညာဖြန့်ဖြူးပေးနိုင်သည့် ပြည်သူ့ဆက်ဆံရေး ပညာမြင့်မားသော ဘွဲ့ရပညာရှင်များ မွေးထုတ်ရန်။
(င) လိုအပ်သောဆေးဝါးကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအတွက် ဆေးခန်းဆိုင်ရာ ကျွမ်းကျင်သော တိရစ္ဆာန်ဆေးကု
ပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးရန်။
(စ) လူသို့ ကူးစက်နိုင်သည့် တိရစ္ဆာန်ရောဂါများ ကာကွယ်နှိမ်နင်းခြင်းဖြင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်သည့် ပညာရှင်များ မွေးထုတ်ရန်။
(ဆ)    အသားငါးကုန်ချောထုတ်လုပ်မှုတွင် သားငါးအရည်အသွေးကို ခွဲခြားသတ်မှတ်နိုင်သော အဆင့်မီ စားသုံးနိုင်မည့် ကုန်ပစ္စည်းများ
အဖြစ် သတ်မှတ်ပေးနိုင်သော ပညာရှင်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန်။
(ဇ) ဆေးကုသရေးနှင့် မွေးမြူထုတ်လုပ်ရေးဆိုင်ရာ နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများတွင် စိတ်ဝင်စားမှု ပိုမိုရရှိလာစေရန်နှင့် ဘွဲ့လွန်သင်တန်းများကို ဆက်လက်လေ့လာ ဆည်းပူးလိုသော ဘွဲ့ရ ပညာရှင်များ ပြုစုပျိုးထောင်ပေးရန်။
(ဈ) တိုးတက်ပြောင်းလဲနေသော ခေတ်စနစ်နှင့်အညီ အတွေးအခေါ် ကိုယ်ကျင့်တရားနှင့် စာရိတ္တ ကောင်းမွန်သော ဘွဲ့ရပညာရှင်များ
မွေးထုတ်ရန်။
Contact Us :
Ministry of Livestock & Fisheries
Office No.(36)
Naypyitaw

TEL: 224765, 220502, 217379, 0951 35380, 0950 30336, 0980 30336
Copy Right by MOFL 2011
Developed by Inforithm-Maze Co., Ltd.